YGN-BODHGAYA-YGN (15D / 14N)

Tour Code
:
DDY 041
Destinations
:
ရန်ကုန် – ဗုဒ္ဓဂါယာ – ရန်ကုန်
Duration
:
၁၅ ရက် ၁၄ညခရီးစဉ်

Day 1 (ရန်ကုန် – ဂယာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ GAYA လေဆိပ်သို့ Myanmar Airways International (MAI) (12:30-13:50) လေကြောင်းလိုင်းဖြင့် ထွက်ခွာပါမည်။ညနေပိုင်းတွင် ဂယာမြို့သို့ ရောက်ရှိပြီးနောက် မဟာဗောဓိစေတီတော်၊ ဗောဓိပင်နှင့်ရွှေပလ္လင်အပါအဝင်သတ္တသတ္တဟ(၇) နေရာကို ဖူးမျှော်ပါမည်။ညစာသုံးဆောင်ကြပြီးနောက် ဂယာမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညအိ်ပ်ရပ်နား ကြရပါမည်။

Day 2 (ဂယာ – ဂယာ)

ဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ကြပြီးနောက် ဒုက္ကရစရိယတောင်၊ သုဇာတာအိမ်ရာ မင်းတုန်းမင်းကျောက်စာ၊ ဃနာနို့ဆွမ်းကပ်ရာနေရာ၊ရွှေခွက်မျှောသည့်နေရာနှင့် မြက်ရှစ်ဆုပ်လှူဒါန်းရာ နေရာတို့အားဖူးမျှော်ပါမည်။ထို့နောက် ဂျပန်ကမာကူရဘုရားကြီးနှင့် နိ်ုင်ငံတကာဘုန်းကြီးကျောင်းများကို ဖူးမျှော်ပါမည်။ ထေို့ နာက် ကိုယ်ပိုင်နားချိန်ပေးထားမည်ဖြစ်ပါသည်။ ဂယာမြို့ရှိ မြန်မာဘုန်းတော်ကြီး ကျောင်းတွင်ညစာစားသောက်ပြီးနောက်ညအိပ်ရပ်နားကြပါမည်။

Day 3 (ဂယာ – ရာဇဂြိုလ် – နာလန္ဒာ – ဝေသာလီ)

ဂယာမြို့ရှိမြန်မာဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက်ရာဇဂြိုလ်မြို့သို့ ခရီးဆက်ကြ ပါမည်။ရာဇဂြိုလ်မြို့ရှိရေပူစမ်းနှင့်ပထမသင်္ဂါယနာတင်တော်မူရာဝေဘာရတောင်၊ကျောက်လှည်းဘီးရာသို့ သွားရောက်လေ့လာကြပါမည်။ ထေို့ နာက် နာလန္ဒာမြို့ရှိဂိဇ္ဈကုဋ္ဋ်တောင်သို့ Cable ဖြင့်တက် ရောက်ကြပါမည်။ ဗီမ္ဗိသာရအကျဉ်းထောင်၊ ဗီမ္ဗိသာရမင်းကြီး၏ ဆွန်ဘဏ္ဏာတိုက်၊ အဇာတသတ် ထိန်းသိမ်းခဲ့သောဓာတ်တော်တိုက်၊ ဝေဠုဝန်ဥယျာဉ်၊ ဇီဝကသရက်ဥယျဉ် တ့အို ားသွားရောက်ဖူးမျှော် လည်ပတ်ပါမည်။ လမ်းခရီးတွင် နေ့လည်စာစားသောက်ကြပြီးနောက် ဝေဠုဝန်ကိုသွားရောက်ကြည့်ရှု ကြပါမည်။ ထို့နောက် ဝေဘာလတောင်ခြေရှိဇာတ်သုံးဇာတ်ရေချိုးရာနေရာတို့အား သွားရောက်လေ့လာ ကြပါမည်။ ညနေပိုင်းတွင် ရှင်သာရိပုတ္တရာစေတီတော် နာလန္ဒာတက္ကသိုလ် အဟောင်းနှင့် အသစ်တို့ကို ဖူးမျှော် ကြပါမည်။ထို့နောက် ဝေသာလီသို့ခရီးဆက်ကြပြီးဝေသာလီမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညစာသုံးဆောင်ပြီးညအိပ်ရပ်နားကြပါမည်။

Day 4 (ဝေသာလီ – ကုသိနာရုံ)

ဘုန်းတော်ကြီးကျောင်းတွင်နံနက်စာသုံးဆောင်ကြပြီးနောက်ဒုတိယသံဃာရတနာတင်တော်မူရာ အသောကမင်းကြီး၏ ကျောက်စာတိုင်တည်ရှိသောဝါဠုဒါရုံကျောင်းတော်ရာဝေသာလီမင်းသားတို့၏ မင်္ဂလာ ကန်တော်၊ဝိဇ္ဖလီမင်းသားတို့၏ ဓာတ်တော်တိုက်နေရာတို့အားဖူးမျှော်ပါမည်။ ထေို့ နာက် ကုသိနာရုံသို့ ခရီးဆက်ကြပါမည်။ လမ်းခရီးတွင် ကုသိနာရုံရှိကေစရိယစေတီတော်ကြီးအား ဝင်ရောက် ဖူးမျှော်ကြပါမည်။ နေ့လည်စာစားသောက်ပြီးပါက မြတ်စွာဘုရားပရိနိဗ္ဗာန် စံတော်မူသည့် မဟာပရိနိဗ္ဗာန စေတီတော်ကြီးအား ကြာသင်္ကန်းကပ်ကြပါမည်။ ပြီးနောက် တေဇောဓာတ်လောင်ကျွမ်းတော်မူသည့် အင်္ဂါရစေတီတော်၊နောက်ဆုံးရေကြည်တော်သုံးဆောင်ခဲ့သည့်နေရာဒေါနပုဏ္ဍားဓာတ်တော်များဝေသည့်နေ ရာသို့သွားရောက်ဖူးမျှော်ပါမည်။ထို့နောက်ကုသိနာရုံမြို့ရှိမြန်မာဘုန်းတော်ကြီးကျောင်းတွင်ညစာစားသုံးပြီး နောက်ညအိပ်ရပ်နားကြပါမည်။

Day 5 (ကုသိနာရုံ – လုမ္ဗိနီ – ဆိုနောလီ)

ဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ကြပြီးနောက်လုမ္ဗိနီမြို့သို့ခရီးဆက်ပါမည်။ ကပိလဝတ်ရှိ သုဒ္ဓေါဓာနမင်းကြီး၏နန်းတော်ရာနှင့် နိဂြောဓာရုံကျောင်းနေရာတို့အားလေ့လာပါမည်။ ထို့နောက် မြတ်စွာဘုရားအလောင်းတော်ဖွားမြင်ရာလုမ္ဗိနီအင်ကြင်းတော၊မယ်တော်မာယာကျောင်းဆောင်နေရာ၊ဘုရာ းလောင်းရေသန့်ရာသက်ကျရေကန်တော် အသောကကျောက်တိုင်၊ ဘုရားလောင်းခြေခုနှစ်လှမ်းလှမ်းရာ အထိမ်းအမှတ်စေတီရာများ၊ မဟာမာယာဒေဝီကျောက်ရုပ်ထုတော်သို့ သွားရောက်ဖူးမျှော်ပါမည်။ထို့နောက် ဆိုနောလီဘုန်းကြီးကျောင်းတွင်ညစာစားသုံးပြီးနောက်ညအိပ်ရပ်နားကြပါမည်။

Day 6 (လုမ္ဗိနီ – သာဝတ္ထိ)

ဘုန်းတော်ကြီးကျောင်းတွင်နံနက်စာသုံးဆောင်ကြပြီးနောက်Baggageများပြန်လည်သိမ်းယူကြ ပြီးသာဝတိ်္ထမြို့သ့ခို ရီးဆက်ပါမည်။ခရီးလမ်းတွင်နေ့လည်စာသုံးဆောင်ပါမည်။ ညနေပိုင်းတွင် သာဝတ္ထိမြို့ သို့ ရောက်ရှိပြီးနောက် သာဝတ္ထိမြို့ရှိ ဇေတဝန်ကျောင်းတော်ရာ၊ မြတ်စွာဘုရားသီတင်းသုံးရာ ဂန္ဓကုဋ္ဋိ၊ ကရေရိကုဋ္ဋိ ကျောင်းဆောင်များ၊ တရားဟောရာပလ္လင်တော်၊ အာနန္ဒာဗောဓိပင်၊ ရှင်သာရိပုတ္တရာနှင့် အင်္ဂုလိမာလစေတီများ၊ ရှင်သီဝလိကျောင်းဆောင်၊ဂိလာနကျောင်းဆောင်၊ ရဟန္တာဓာတ်တော်စေတီများ၊ သုဒတ္ထစေတီနှင့် သာဝတ္ထိမြို့ဟောင်း၊ကောသလမင်းကြီးနန်းတော်ရာနှင့် တာဝတိ ံသာနတ်ပြည်သို့ ကြွလှမ်းတော်မူရာသရက်ဖြူကုန်း၊ ဒေဝဒတ်နှင့်စိဉ္ဖမာနမြေမြိုသည့်နေရာတို့အားကားပေါ်မှ လှန်းပြီးုပြသပါ မည်။ သာဝတ္ထိမြို့ရှိမြန်မာဘုန်းတော်ကြီးကျောင်းတွင် ညစာစားသောက်ပြီးနောက် ညအိပ်ရပ်နားကြပါမည်။

Day 7 (သာဝတ္ထိ – သင်္ကဿနဂိုရ်)

သာဝတ္ထိ်မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ကြပြီးနောက် သင်္ကသနဂိုရ်မြို့ သို့ခရီးဆက်ကြပါမည်။လမ်းခရီးတွင်နေ့လည်စာသုံးဆောင်ပါမည်။သင်္ကသနဂိုရ်မြို့ရှိမြတ်စွာဘုရားတာဝတိံ သာနတ်ပြည်မှဆင်းသက်ခဲ့ရာအစလစေတီတော်တွင် ပဠာန်းအကျယ်ရွတ်ကြပါမည်။ ပြီးနောက် ရှင်သာရိပုတ္တရာကျောင်းတော်ရာသို့သွားရောက်ဖူးမျှော်ပါမည်။ သင်္ကသနဂိုရ်မြို့ရှိ မြန်မာဘုန်းတော်ကြီး ကျောင်းတွင်ညစာသုံးဆောင်ပြီးနောက်ညအိပ်ရပ်နားကြပါမည်။

Day 8 (သင်္ကဿနဂိုရ် -အာဂရာ (TajMahal) – နယူးဒေလီ)

သင်္ကသနဂိုရ်မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ကြပြီးနောက် အာဂရာမြို့သို့ ခရီးဆက်ပါမည်။ ခရီးလမ်းတွင် အာဂရာမြို့ရှိစားသောက်ဆိုင်တွင်နေ့လည်စာ သုံးဆောင် ပါမည်။ ထို့နောက် ကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်သော တာ့(ချ်)မဟာနှင့် Agra Fort (အနီရောင်ခံတပ်ကြီး) အားလေ့လာပါမည်။ နယူးဒေလီမြို့ရှိ ဟိုတယ်တွင်ညစာစားသောက်ပြီးနောက် ညအိပ်ရပ်နားကြပါမည်။

Day 9 (ဒေလီ S/S)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ကြပြီးနောက်နယူးဒေလီမြို့ရှိမဟာသတိပဠာန် တရားဟောရာ ၏နေရာ၊ Lotus Temple ၊အိန္ဒိယဂိတ်၊ မဟတ္တမဂန္ဒီ၏နေအိမ်၊ အင်ဒရာဂန္ဒီ၏နေအိမ် (ပြတိုက်) ၊သံရုံးဧရိယာနှင့် သမ္မတရုံးတို့အားလေ့လာပါမည်။ တနေကုန်ဒေလီမြို့တွင် လည်ပတ်ကြပြီးနောက်ဈေးဝယ်ပလာဇာများတွင် Shopping ထွက်နိုင်ရန်စီစဉ်ပေးပါမည်။ ဒေလီမြို့ရှိဟိုတယ်တွင် ညစာစားသောက်ပြီးနောက် ညအိပ်ရပ်နား ကြပါမည်။

Day 10 (ဒေလီ – သင်္ကဿနဂိုရ်)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်သင်္ကသနဂိုရ်မြို့သို့ခရီးဆက်ပါမည်။သင်္ကသနဂိုရ်မြို့ ရှိမြန်မာဘုန်းတော်ကြီးကျောင်းတွင် နေ့လည်စာနှင့်ညစာသုံးဆောင်ကြပြီးနောက် ညအိပ်ရပ်နားကြပါမည်။

Day 11 (သင်္ကသနဂိုရ် – ဗာရာဏသီ)

ဘုန်းတော်ကြီးကျောင်းတွင်နံနက်စာသုံးဆောင်ပြီးနောက်ဗာရာဏသီမြို့သို့ခရီးဆက်ကြပါမည်။ လမ်းခရီးတွင် နေ့လည်စာစားသောက်ကြပါမည်။ ထို့နောက် ဗာရာဏသီမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်း တွင် ညစာစားသောက်ကြပါမည်။ ဘုရားဖူးခရီးသည်များအား အေးချမ်းစွာဘုရားဖူးကုသိုလ်ယူနိုင်ရန် ကိုယ်ပိုင်အချိန်ပေးထားပါမည်။ ဗာရာဏသီမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင်ညစာသုံးဆောင်ပြီးနော် ညအိပ်ရပ်နားကြပါမည်။

Day 12 (ဗာရာဏသီ)

ဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက်ဂင်္ဂါမြစ်ကမ်းတစ်လျှောက်လေ့လာပါမည်။ နေ့လည်စာ သုံးဆောင်ကြပါမည်။ နေ့လည်၂ နာရီတွင် ဘုရားဖူးထွတ်ပါမည်။ပဉ္စဝဂီ ၅ ဦးတို့အား တရားဦးဟောရာဓမ္မရာဇိကကုန်းတော်နှင့် ဓမ္မေခစေတီ၊ ခရီးဦးကြိုပြုရာချောက်ခဏ္ဏီစေတီ၊ အသောက ကျောက်တိုင်၊ နန္ဒိယသူဋ္ဌေး၏ ရွှေအုတ်ကျောင်းတော်ရာ၊ ယဿသတို့သားနှင့် အပေါင်းအပါများအား တရားဟောရာပလ္လင်တော်၊ ကုမာရဒေဝီ ကျောင်းတော်ရာနှင့် ဘိက္ခုနီကျောင်းများ နှင့် ရေချိုးဆိပ်၊ မူလဂန္ဓ ကုဋ္ဋိဝိဟာရ၊ မိဂဒါဝုန်ဘေးမဲ့တောအား သွားရောက် လေ့လာပါမည်။သီရိလင်္ကာဓာတ်တော်တိုက်စေတီနှင့် ပဉ္စဝဂ္ဂီငါးပါးအား ဓမ္မစင်္ကြာတရားဦးဟောနေဟန် ရုပ်ပွားတော်အားသွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် ဈေးဝယ်အစီအစဉ်ဖြစ်ပါသည်။ဗာရာဏသီမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညစာသုံးဆောင်ပြီး နောက် ညအိပ်ရပ်နားကြပါမည်။

Day 13 (ဗာရာဏသီ – ဂယာ)

နံနက်စာသုံးဆောင်ပြီးနောက်ဂယာမြို့သို့ခရီးဆက်ကြပါမည်။နေ့လည်စာသုံးဆောင်ကြပြီးနောက် ဂယာမြို့တွင် ဘုရားဖူးများအေးချမ်းစွာဘုရားဖူးကုသိုလ်ယူနိုင်ရန် ကိုယ်ပိုင်တရားထိုင်ချိန်ပေးထားပါမည်။ ဂယာမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညစာသုံးဆောင်ပြီးနောက် ညအိပ်ရပ်နားကြပါမည်။

Day 14 (ဂယာ)

ဂယာမြို့ရှိဘုန်းကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက် ဘုရားဖူးခရီးသည်များ စိတ်အေးချမ်းသာစွာ ဘုရားဝတ်ပြု တရားထိုင်နိုင်ရန် တနေကုန် ကိုယ်ပိုင်အားလပ်ချိန်ပေးထားမည်ဖြစ်ပါသည်။ နေ့လည်စာကို လည်းကျောင်းတော်၌ သုံးဆောင်ကြရပါမည်။ ဘုန်းတော်ကြီးကျောင်းတွင် ညစာသုံးဆောင်ကြပြီးနောက် ညအိပ်ရပ်နားကြပါမည်။

Day 15 (ဂါယာ – ရန်ကုန်)

နံနက်စာသုံးဆောင်ပြီးနောက် GAYA လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Myanmar Airways International (MAI) (14:50-18:40) လေကြောင်းဖြင့် ပြန်လည်ထွက်ခွာပါမည်။

*ခရီးစဉ်ပြီးဆုံးခြင်း။*
*ဒဏ္ဍာရီခရီးသွားလုပ်ငန်းမှ ဘုရားဖူးခရီးသည်များအားအထူးကျေးဇူးတင်ရှိပါသည်။*
မှတ်ချက် ။ ။ မြန်မာဘုန်းတော်ကြီးကျောင်းတိုင်းတွင် ကျောင်းထိုင်ဆရာတော်အား ပူဇော်ကန်တော့ကြရပါမည်။ အဖွ့တဲ ိုင်းဖြစ်ပါသည်။

ပါဝင်သောဝန်ဆောင်မှုများ (ဘုန်းကြီးကျောင်း)
မြန်မာဘုန်းကြီးကျောင်းတွင် မနက်စာ၊ နေ့လယ်စာ၊ ညစာ
မြန်မာဘုန်းကြီးကျောင်းတွင် ၁၂ရက်ညအိပ်တည်းခိုခြင်းနှင့် နယူးဒေလီတွင် ၂ညတာ ဟိုတယ်တွင် တည်းခိုခြင်း။
အသွားအပြန် လေယာဉ်လက်မှတ်
India Visa & Nepal Visa
Aircon Bus ဖြင့် ခရီးစဉ်အတိုင်းဝန်ဆောင်မှုများ
မြန်မာ Tour Leader နှင့် အိန္ဒိယ Tour Leader ၊ Helper
ဝင်ကြေးများ (မြန်မာ Passport ကိုင်ဆောင်သူများအတွက်သာ)
Airport တွင်လာရောက်ကြို / ပို့ဆောင်မှု ၊ အစိုးရအခွန်များ
ကုမ္ပဏီမှ ပေးမည့် လက်ဆောင်ပစ္စည်းများ
အကောက်အခွန်များ (ဈေးနှုန်းအတက်ရှိလျှင် ဧည့်သည်ကပေးဆောင်ရမည်)
ခရီးသွားအာမခံပါဝင်ခြင်း
မပါဝင်သောဝန်ဆောင်မှုများ
ကိုယ်ပိုင်ဗီဒီယို၊ဓာတ်ပုံရိုက်ကူးမှုအတွက်အခွန်ခများ
ခရီးစဉ်အတွင်းမဖော်ပြထားသောဝန်ဆောင်မှုများ နှင့် ကိုယ်ပိုင်ကုန်ကျစရိတ်

Welcome to Myanmar

Myanmar, richly endowed by nature, is one of the most exotic countries in the world with a great diversity in landscape and sights of breathtaking beauty. It has a rich cultural heritage and there exist many historical monuments and religious edifices ...
Read More >>

Our Address

No. 146, 3rd Floor, Anawrahta Street, Botahtaung Township, Yangon, Myanmar.
Tel : +95-1-297995
Hotline : +95-9-2005650
Fax : 95-1-294058(IDD)
E-mail : ddy.hlashwe@gmail.com,
               sales@dandaryitravel.com
Website : www.dandaryitravel.com

Facebook Page

Members Of