YGN-BODHGAYA-YGN (12D / 11N)

Tour Code
:
DDY 040
Destinations
:
ရန်ကုန် – ဗုဒ္ဓဂါယာ – ရန်ကုန်
Duration
:
၁၁ ညအိပ် ၁၂ ရက်ခရီးစဉ်

Day 1 (ရန်ကုန် – ဂယာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ GAYA လေဆိပ်သို့ Myanmar Airways International (MAI) (12:30-13:50) လေကြောင်းလိုင်းဖြင့် ထွက်ခွာပါမည်။ညနေပိုင်းတွင် ဂယာမြို့သို့ ရောက်ရှိပြီးနောက် မဟာဗောဓိစေတီတော်၊ ဗောဓိပင်နှင့်ရွှေပလ္လင်အပါအဝင်သတ္တသတ္တဟ(၇) နေရာကို ဖူးမျှော်ပါမည်။ ညစာသုံးဆောင်ကြပြီးနောက် ဂယာမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညအိ်ပ်ရပ်နား ကြရပါမည်။

Day 2 (ဂယာ – ဂယာ)

ဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ကြပြီးနောက် ဒုက္ကရစရိယာတောင်၊ သုဇာတာ အိမ်ရာ၊မင်းတုန်းမင်းကျောက်စာ၊ ဃနာနို့ဆွမ်းကပ်ရာနေရာ၊ရွှေခွက်မျှောသည့်နေရာနှင့် မြက်ရှစ်ဆုပ် လှူဒါန်းရာနေရာတို့အားဖူးမျှော်ပါမည်။ဂျပန်ကမာကူရဘုရားကြီးနှင့် နိ်ုင်ငံတကာဘုန်းကြီးကျောင်းများကို ဖူးမျှော်ပါမည်။နေ့လည်စာသုံးဆောင်ကြပါမည်။ ထေို့ နာက်ကိုယ်ပိုင်နားချိန် ပေးထားမည်ဖြစ်ပါသည်။ ဂယာမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင်ညစာသုံးဆောင်ကြပြီးနောက်ညအိပ်ရပ်နားကြပါမည်။

Day 3 (ဂယာ – နာလန္ဒာ -ရာဇဂြိုလ်)

ဂယာမြို့ရှိမြန်မာဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက်နာလန္ဒာမြို့သို့ ခရီး ဆက်ကြပါမည်။ နာလန္ဒာမြို့ရှိရှင်သာရိပုတ္တရာစေတီတော် နာလန္ဒာတက္ကသိုလ် အဟောင်းနှင့်အသစ်တို့ကိိုု ဖူးမျှော်ကြပါမည်။ထို့နောက်ရာဇဂြိုလ်မြို့သို့ ခရီးဆက်ကြပါမည်။ လမ်းခရီးတွင် နေ့လည်စာသုံးဆောင် ကြပါမည်။ ရာဇဂြိုလ်မြို့ရှိရေပူစမ်းနှင့်ပထမသင်္ဂါယနာတင်တော်မူရာဝေဘာရတောင်၊ကျောက်လှည်းဘီး ရာသို့ သွားရောက်လေ့လာကြပါမည်။ နာလန္ဒာမြို့ရှိဂိဇ္ဈကုဋ္ဋ်တောင်သို့ Cable ဖြင့်တက်ရောက်ကြပါမည်။ ဗီမ္ဗိသာရအကျဉ်းထောင်၊ ဗီမ္ဗိသာရမင်းကြီး၏ ဆွန်ဘဏ္ဍာတိုက်၊ အဇာတသတ်ထိန်းသိမ်းခဲ့သော ဓာတ်တော်တိုက်၊ ဝေဠုဝန်ဥယျာဉ်၊ ဇီဝကသရက်ဥယျဉ် တို့အားသွားရောက်ဖူးမျှော်လည်ပတ်ပါမည်။ ထို့နောက် ဝေဘာလတောင်ခြေရှိဇာတ်သုံးဇာတ်ရေချိုးရာနေရာတို့အားသွားရောက်လေ့လာကြပါမည်။ ရာဇဂြိုလ်မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညစာသုံးဆောင်ကြပြီးနောက် ညအိပ်ရပ်နားကြပါမည်။

Day 4 (ရာဇဂြိုလ် – ပတ္တနား – ဝေသာလီ)

ဘုန်းတော်ကြီးကျောင်းတွင်နံနက်စာသုံးဆောင်ကြပြီးနောက် ပတ္တနားမြို့သို့ခရီးဆက်ကြပါမည်။ ပတ္တနားမြို့ရှိတတိယသင်္ဂါရတနာတင်တော်မူရာနေရာအားသွားရောက်လေ့လာကြပါမည်။ ထေို့ နာက် ဝေသာလီသို့ခရီးဆက်ကြပါမည်။လမ်းခရီးတွင် နေ့လည်စာသုံးဆောင်ကြပါမည်။ ဝေသာလီမြို့ရှိ ဒုတိယသံဃာရတနာတင်တော်မူရာအသောကမင်းကြီး၏ ကျောက်စာတိုင်တည်ရှိသော ဝါဠုဒါရုံကျောင်း တော်ရာဝေသာလီမင်းသားတို့၏ မင်္ဂလာကန်တော်၊ဝိဇ္ဖလီမင်းသားတို့၏ ဓာတ်တော်တိုက်နေရာတို့အား ဖူးမျှော်ပါမည်။ ဝေသာလီမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညစာသုံးဆောင်ပြီးနောက် ညအိပ်ရပ်နား ကြပါမည်။

Day 5 (ဝေသာလီ – ကုသိနာရုံ)

ဘုန်းတော်ကြီးကျောင်းတွင်နံနက်စာသုံးဆောင်ကြပြီးနောက်ကုသိနာရုံသို့ခရီးဆက်ကြပါမည်။ လမ်းခရီးတွင် ကုသိနာရုံရှိကေစရိယစေတီတော်ကြီးအားဝင်ရောက်ဖူးမျှော်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးပါက မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသည့် မဟာပရိနိဗ္ဗာနစေတီတော်ကြီးအား ကြာသင်္ကန်း ကပ်ကြပါမည်။ ပြီးနောက် တေဇောဓာတ်လောင်ကျွမ်းတော်မူသည့် အင်္ဂါရစေတီတော်၊ နောက်ဆုံးရေ ကြည်တော်သုံးဆောင်ခဲ့သည့်နေရာ၊ ဒေါနပုဏ္ဍားဓာတ်တော်များဝေသည့်နေရာသို့ သွားရောက်ဖူးမျှော် ပါမည်။ ထို့နောက်ကုသိနာရုံမြို့ရှိမြန်မာဘုန်းတော်ကြီးကျောင်းတွင်ညစာသုံးဆောင်ပြီးနောက်ညအိပ် ရပ်နားကြပါမည်။

Day 6 (ကုသိနာရုံ – လုမ္ဗိနီ – ဆိုနောလီ)

ဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ကြပြီးနောက်လုမ္ဗိနီမြို့သို့ခရီးဆက်ပါမည်။ ကပိလဝတ်ရှိ သုဒ္ဓေါဓာနမင်းကြီး၏နန်းတော်ရာနှင့် နိဂြောဓာရုံကျောင်းနေရာတို့အားလေ့လာပါမည်။ လမ်းခရီးတွင် နေ့လည်စာသုံးဆောင်ကြပါမည်။ ထေို့ နာက်မြတ်စွာဘုရားအလောင်းတော်ဖွားမြင်ရာ လုမ္ဗိနီအင်ကြင်းတော၊မယ်တော်မာယာကျောင်းဆောင်နေရာ၊ဘုရားလောင်းရေသန့်ရာသက်ကျ ရေကန်တော် အသောကကျောက်တိုင်၊ ဘုရားလောင်းခြေခုနှစ်လှမ်းလှမ်းရာအထိမ်းအမှတ်စေတီရာများ၊ မဟာမာယာဒေဝီကျောက်ရုပ်ထုတော်သို့ သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် ဆိုနောလီ ဘုန်းတော်ကြီး ကျောင်းတွင်ညစာသုံးဆောင်ပြီးနောက်ညအိပ်ရပ်နားကြပါမည်။

Day 7 (လုမ္ဗိနီ – သာဝတ္ထိ)

ဘုန်းတော်ကြီးကျောင်းတွင်နံနက်စာသုံးဆောင်ကြပြီးနောက်သာဝတ္ထိ်မြို့သို့ခရီးဆက်ပါမည်။ခရီး လမ်းတွင်နေ့လည်စာသုံးဆောင်ပါမည်။ ညနေပိုင်းတွင် သာဝတ္ထိမြို့သို့ ရောက်ရှိပြီးနောက် သာဝတ္ထိမြို့ရှိ ဇေတဝန်ကျောင်းတော်ရာ၊ မြတ်စွာဘုရားသီတင်းသုံးရာ ဂန္ဓကုဋ္ဋိ၊ ကရေရိကုဋိကျောင်းဆောင်များ၊ တရားဟောရာပလ္လင်တော်၊ အာနန္ဒာဗောဓိပင်၊ ရှင်သာရိပုတ္တရာနှင့် အင်္ဂုလိမာလစေတီများ၊ ရှင်သီဝလိကျောင်းဆောင်၊ဂိလာနကျောင်းဆောင်၊ ရဟန္တာဓာတ်တော်စေတီများ၊ သုဒတ္ထစေတီနှင့် သာဝတ္ထိမြို့ဟောင်း၊ ကောသလမင်းကြီးနန်းတော်ရာနှင့်တာဝတိ ံသာနတ်ပြည်သို့ကြွလှမ်းတော်မူရာ သရက်ဖြူကုန်း၊ ဒေဝဒတ်နှင့်စိဉ္ဖမာနမြေမြိုသည့်နေရာတို့အားကားပေါ်မှ လှမ်း၍ပြသပါမည်။ သာဝတ္ထိမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညစာသုံးဆောင်ပြီးနောက် ညအိပ်ရပ်နားကြပါမည်။

Day 8 (သာဝတ္ထိ – ဗာရာဏသီ)

သာဝတ္ထိ်မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ကြပြီးနောက် ဗာရာဏသီမြို့သို့ ခရီးဆက်ပါမည်။လမ်းခရီးတွင် နေ့လည်စာသုံးဆောင်ကြပါမည်။ ထို့နောက် ဗာရာဏသီမြို့ရှိမြန်မာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပါကဘုရားဖူးခရီးသည်များအားအေးချမ်းစွာဘုရာ းဖူးကုသိုလ်ယူနိုင်ရန်ကိုယ်ပိုင်အချိန်ပေးထားပါမည်။ ဗာရာဏသီမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညစာသုံးဆောင်ပြီးနောက်ညအိပ်ရပ်နားကြပါမည်။

Day 9 (ဗာရာဏသီ)

ဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက် ဂင်္ဂါမြစ်ကမ်းတစ်လျှောက် လေ့လာ ပါမည်။ နေ့လည်စာသုံးဆောင်ကြပါမည်။ နေ့လည်၂ နာရီတွင် ဘုရားဖူးထွက်ပါမည်။ ပဉ္စဝဂီ ၅ ဦးတို့အားတရားဦးဟောရာဓမ္မရာဇိကကုန်းတော်နှင့် ဓမ္မေခစေတီ၊ ခရီးဦးကြိုပြုရာချောက်ခဏ္ဏီစေတီ၊ အသောကကျောက်တိုင်၊ နန္ဒိယသူဋ္ဌေး၏ ရွှေအုတ်ကျောင်းတော်ရာ၊ ယဿသတို့သားနှင့် အပေါင်းအပါ များအား တရားဟောရာပလ္လင်တော်၊ ကုမာရဒေဝီ ကျောင်းတော်ရာနှင့် ဘိက္ခုနီကျောင်းများ နှင့် ရေချိုးဆိပ်၊ မူလဂန္ဓ ကုဋ္ဋိဝိဟာရ၊ မိဂဒါဝုန်ဘေးမဲ့တောအား သွားရောက် လေ့လာပါမည်။ သီရိလင်္ကာဓာတ်တော် တိုက်စေတီနှင့် ပဉ္စဝဂ္ဂီငါးပါးအား ဓမ္မစင်္ကြာတရားဦးဟောနေဟန် ရုပ်ပွားတော်အား သွားရောက်ဖူးမျှော် ပါမည်။ ထို့နောက် ဈေးဝယ်အစီအစဉ်ဖြစ်ပါသည်။ ဗာရာဏသီမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညစာသုံးဆောင်ပြီးနောက် ညအိပ်ရပ်နားကြပါမည်။

Day 10 (ဗာရာဏသီ – ဂယာ)

နံနက်စာသုံးဆောင်ပြီးနောက်ဂယာမြို့သို့ခရီးဆက်ကြပါမည်။ခရီးလမ်းတွင်နေ့လည်စာသုံးဆောင်ကြပါမည်။ ညနေပိုင်းတွင် ဂယာမြို့သို့ရောက်ရှိမည်ဖြစ်ပါသည်။ ဘုရားဖူးများအေးချမ်းစွာ ဘုရားဖူး ကုသိုလ်ယူနိုင်ရန် ကိုယ်ပိုင်တရားထိုင်ချိန်ပေးထားပါမည်။ ဂယာမြို့ရှိမြန်မာဘုန်းတော်ကြီးကျောင်း တွင် ညစာသုံးဆောင်ပြီးနောက် ညအိပ်ရပ်နားကြပါမည်။

Day 11 (ဂယာ – ဂယာ)

ဂယာမြို့ရှိမြန်မာဘုန်းတော်ကြီးကျောင်းတွင် နံနက်စာသုံးဆောင်ပြီးနောက် ဘုရားဖူးခရီးသည်များ စိတ်အေးချမ်းသာစွာဘုရားဝတ်ပြု တရားထိုင်နိုင်ရန် တနေကုန် ကိုယ်ပိုင် အားလပ်ချိန် ပေးထားမည် ဖြစ်ပါသည်။ နေ့လည်စာကိုလည်းကျောင်းတော်၌ သုံးဆောင်ကြရပါမည်။ ဘုန်းတော်ကြီးကျောင်းတွင် ညစာသုံးဆောင်ကြပြီးနောက် ညအိပ်ရပ်နားကြပါမည်။

Day 12 (ဂယာ – ရန်ကုန်)

နံနက်စာသုံးဆောင်ပြီးနောက် GAYA လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Myanmar Airways International (MAI) (14:50-18:10) လေကြောင်းဖြင့် ပြန်လည်ထွက်ခွာပါမည်။

*ခရီးစဉ်ပြီးဆုံးခြင်း။*
*ဒဏ္ဍာရီခရီးသွားလုပ်ငန်းမှ ဘုရားဖူးခရီးသည်များအားအထူးကျေးဇူးတင်ရှိပါသည်။*
မှတ်ချက်။ ။ မြန်မာဘုန်းတော်ကြီးကျောင်းတိုင်းတွင် ကျောင်းထိုင်ဆရာတော်အား ပူဇော်ကန်တော့ ကြရပါမည်။ အဖွ့တဲ ိုင်းဖြစ်ပါသည်။

ပါဝင်သောဝန်ဆောင်မှုများ (ဘုန်းကြီးကျောင်း)
မြန်မာဘုန်းကြီးကျောင်းတွင် မနက်စာ၊ နေ့လယ်စာ၊ ညစာ
အသွားအပြန် လေယာဉ်လက်မှတ်
India Visa & Nepal Visa
Aircon Bus ဖြင့် ခရီးစဉ်အတိုင်းဝန်ဆောင်မှုများ
မြန်မာ Tour Leader နှင့် အိန္ဒိယ Tour Leader ၊ Helper
ဝင်ကြေးများ (မြန်မာ Passport ကိုင်ဆောင်သူများအတွက်သာ)
Airport တွင်လာရောက်ကြို / ပို့ဆောင်မှု ၊ အစိုးရအခွန်များ
ကုမ္ပဏီမှ ပေးမည့် လက်ဆာင်ပစ္စည်းများ
အကောက်အခွန်များ (ဈေးနှုန်းအတက်ရှိလျှင် ဧည့်သည်ကပေးဆောင်ရမည်)
ခရီးသွားအာမခံပါဝင်ခြင်း
မပါဝင်သောဝန်ဆောင်မှုများ
ကိုယ်ပိုင်ဗီဒီယို၊ဓာတ်ပုံရိုက်ကူးမှုအတွက်အခွန်ခများ
ခရီးစဉ်အတွင်းမဖော်ပြထားသောဝန်ဆောင်မှုများ နှင့် ကိုယ်ပိုင်ကုန်ကျစရိတ်

Welcome to Myanmar

Myanmar, richly endowed by nature, is one of the most exotic countries in the world with a great diversity in landscape and sights of breathtaking beauty. It has a rich cultural heritage and there exist many historical monuments and religious edifices ...
Read More >>

Our Address

No. 146, 3rd Floor, Anawrahta Street, Botahtaung Township, Yangon, Myanmar.
Tel : +95-1-297995
Hotline : +95-9-2005650
Fax : 95-1-294058(IDD)
E-mail : ddy.hlashwe@gmail.com,
               sales@dandaryitravel.com
Website : www.dandaryitravel.com

Facebook Page

Members Of