Yangon – Phuket – Bangkok – Yangon

Tour Code
:
DD 023
Destinations
:
Yangon – Phuket – Bangkok – Yangon
Duration
:
5Days & 4 Nights

ပထမရက် ( – /- / – )

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေကြောင်းဖြင့် စတင်ထွက်ခွာပြီး ဖူးခက်လေဆိပ်သို့ရောက်ရှိသောအခါ ဒေသခံ လူတစ်ယောက် လာရောက်ကြိုဆို၍ ဟိုတယ်တွင် check in ဝင်ပြီး ညနေပိုင်းတွင် ကိုယ်ပိုင်လွတ်လပ် ဖြစ်ပြီး တစ်ညတာ အိပ်စက် အနားယူမည်။

ဒုတိယရက် ( B / L /- )

နံနက်စာသုံးဆောင်ပြီးနောက် ကြည်လင်လှပသောရေနှင့် ကျောက်ဆောင်များအကြား သဘာဝရှုခင်းများ အလွန်လှပသော Phi Phi Island သို့ လှေဖြင့်ကူးခတ်လည်လည်ကြမည်။ မျောက်အလွန်များပြားသော Monkey Beach သို့လည်ပတ်ရင်း Tonsai Bay တွင် snorkeling ရေငုပ်ကြမည်။ နေ့လယ်စာကို ကမ်းခြေ တွင်ရှိသော ဒေသခံစားသောက်ဆိုင်တွင်သုံးဆောင်ကြမည်။ နိုင်ငံခြားဧည့်သည်များ အထူးလည်ပတ်ပြီး ပင်လယ်ကမ်းခြေအနီးတွင် ရှိသော Viking Cave , PIleh Cave နှင့် Lohsama Bay တို့တွင်လည်ပတ်ကြမည်။ ကျော်ကြားသော ” The Beach ” ဇာတ်ကားရိုက်ကူးခဲ့သော ကြည်လင်အေးမြသောရေရှိသော ကမ်းခြေ Maya Bay ၊ ပင်လယ်သဲသောင်ပြင်နှင့် စိမ်းလဲ့နေသောရေပြင်ရှိသော ကမ်းခြေတွင်အပန်းဖြေကြမည်။ ဟိုတယ်သို့ ပြန်လာပြီး အိပ်စက်အနားယူမည်။(သို့မဟုတ်)စိမ်းလဲကြည်လင်နေသော Phang Nga Bay ရေပေါ်တွင် ကနူးလှေများစွာကူးခတ်နေရင်း ရှုမငြီးဖွယ် မြင်ကွင်းများကို ရှုစားနိုင်မည်ဖြစ်သော Hong Island နှင့် ထူးဆန်း၍ ထုံးကျောက်ဆောင်များ၊ ဂူအတွင်းပိ်ုင်း တွင် အပန်းဖြေလမ်းလျှောက်နိုင်ပြီး လှပသော Panak Island သို့လည်ပတ်ကြမည်။ Panyee Island ပေါ်ရှိ ရေပေါ်စားသောက်ဆိုင်တွင် နေ့လယ်စာသုံးဆောင်မည်။ ကမ္ဘာကျော်မင်းသားကြီး James Bond ဇာတ်ကား ရိုက်ခဲ့သောအလွန်လှပပြီး ကျွန်းကလေးများစွာရှိသည့်နေရာ James Bond Island ( Khao Ping Kan )ကျွန်း သို့သွားရောက်လည်ပတ်ကြမည်။ Naka ( သို့မဟုတ်) Lawa Island တွင် ရေကူးပြီး သဲသောင်ပြင်ပေါ်တွင် အပန်းဖြေအနားယူကြမည်။ ညနေပိုင်းတွင် ကိုယ်ပိုင်လွတ်လပ်ချိန်ဖြစ်ပြီး ဟိုတယ်တွင် အိပ်စက်ရပ်နားမည်။

တတိယရက် ( B / – / – )

ထိုင်းနိုင်ငံရဲ့ ကြီးမားသော Big Buddha သို့သွားရောက်ဖူးမျှော်ပြီး ကမ်းခြေနှင့် ဖူးခက်ရဲ့ လှပသော မြင်ကွင်းကို ကြည့်ရှုခံစားမည်။ မျောက်များဖျော်ဖြေပြသမှုကို လည်းကြည့်ရှုပြီး Chalong Temple၊ ၊ ပျားများမွေးမြူပြီး ပျားရည်များထုတ်လုပ်သော Phuket Honey Farm နှင့် သီဟိုဋ္ဌ်စေ့ထုတ်လုပ်သော အလုပ်ရုံ သို့ သွားရောက် လည်ပတ်မည်။ ဆင်များပျာ်ရွှင်စွာချစ်စဖွယ် ဖျော်ဖြေကပြသော Elephant show ကြည့်ပြီး ခဏရပ်နားပြီး Coffee သောက်ကြမည်။ ဆက်လက်ပြီး Bankok သို့လေယာဉ်ဖြင့်ပြန်လာပြီး ဟိုတယ်တွင် ညအိပ်ရပ်နားမည်။

စတုတ္တရက် ( B / L / – )

နံနက်စာသုံးဆောင်ပြီးနောက် အလွန်လှပသောရှုခင်းများ ၊ ကစားကွင်းများ ၊ စွန့်စားနယ်မြေ ၊ စိတ်ကူး ယဉ်ဆန်သောနေရာ ၊ အိပ်မက် ဥယျာဉ် ၊ နှင်းလျောစီးခြင်း နှင့် အိပ်မက် plaza များရှိသောDream World တွင် တစ်နေ့လုံးလည်ပတ်မည်။

ပဉ္စမရက် ( B / – / – )

နံနက်စာသုံးဆောင်ပြီးနောက် ဗန်ကောက်လေဆိပ်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်။

Welcome to Myanmar

Myanmar, richly endowed by nature, is one of the most exotic countries in the world with a great diversity in landscape and sights of breathtaking beauty. It has a rich cultural heritage and there exist many historical monuments and religious edifices ...
Read More >>

Our Address

No. 146, 3rd Floor, Anawrahta Street, Botahtaung Township, Yangon, Myanmar.
Tel : +95-1-297995
Hotline : +95-9-2005650
Fax : 95-1-294058(IDD)
E-mail : ddy.hlashwe@gmail.com,
               sales@dandaryitravel.com
Website : www.dandaryitravel.com

Facebook Page

Members Of