Yangon – Ho Chi Minh – Cu Chi – My Tho – Yangon

Tour Code
:
DD 014
Destinations
:
Yangon – Ho Chi Minh – Cu Chi – My Tho – Yangon
Duration
:
၄ရက် ၃ည ခရီးစဉ်

ပထမရက် (D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာပြီး ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ နိုင်ငံတကာလေဆိပ် Tan Son Nhatသို့ ရောက်လာသောအခါ ဧည့်လမ်းညွှန် နှင့် ကားဒရိုင်ဘာက လာရောက်ကြိုဆိုပြီး ဟိုတယ်တွင် Check in ဝင်၍ခေတ္တအနားယူနိုင်ပါသည်။ အနားယူပြီးနောက်SaiGon River ရှိရေပေါ် စားသောက်ဆိုင်တွင် ရိုးရာအကအလှများကို ကြည့်ရှုပြီး ညစာသုံးဆောင် အပန်းဖြေ၍ ဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူပါမည်။

ဒုတိယရက် (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Saigon ရှိနှစ်ပေါင်း၁၃ဝကျော်ကပြင်သစ်ကိုလိုနီတွေ တည်ဆောက်ထားခဲ့သော Neo-Roman ရောမဘုရားကျောင်း Notre-Dame Basilica သို့ လိုက်လံပို့ဆောင်ပါမည်။ ထိုမှတဆင့် လွန်ခဲ့သော၂၀ရာစုခန့်က နာမည်ကျော် ပြင်သစ်ဗိသုကာပညာရှင် Gustave Eiffel တည်ဆောက်ခဲ့သောကိုလိုနီအဆောက်အအုံတစ်ခုဖြစ်သည့် SaiGon Post Office သို့သွားရောက်လည်ပတ်ပါမည်။ထိုမှတစ်ဆင့် Independence Palace, War Museum သို့ သွားရောက်ပြီး နောက် နေ့လည်စာသုံးဆောင်ပါမည်။ လွန်ခဲ့သောနှစ်ပေါင်း၇ဝက သိသာထင်ရှားပြီး မဟာဗျူဟာ မြောက်သော အရေးပါမှုနှင့်ကျော်ကြားသော HoChiMinh၏ လမ်းကြောင်း တစ်ခုဖြစ်ပြီး မြို့တော်ရဲ့ တောင်ဘက်တွင်တည်ရှိနေသော CuChiလိုဏ်ခေါင်းသို့ သွားရောက်လည်ပတ်ပါမည်။ ပြင်သစ်လေ ကြောင်းတိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် ဥမင်လိုဏ်ခေါင်းကို ၁၉၄၈ တွင် တည်ဆောက်ခဲ့သည်။ ရှုပ်ထွေးလှသော လိုဏ်ခေါင်းသည် ၂ဝဝကီလိုမီတာခန့် ရှည်လျားသည် ဟုခန့်မှန်းကြပါသည်။ လိုဏ်ခေါင်းထဲတွင် ဆေးရုံ၊ကျောင်း၊ အစည်းအဝေးခန်းမကြီး၊မီးဖိုခန်းနှင့် အိပ်ခန်းများ ပါရှိသည်။ ထိုမှတစ်ဆင့်ဟိုတယ်ပြန်၍ တစ်ညတာအိပ်စက်အနားယူပါမည်။

တတိယရက် (B/L/D)

နံနက်စာသုံးဆောင်ပြီးနောက် စိမ်းစိုသောလယ်ကွင်းများဖြင့် ကာရံထားသောလမ်းတလျှောက်ဖြတ်သန်း၍ သဘာဝရှုခင်းများကို ကြည့်ရှုအပန်းဖြေပါမည်။ မိုင်သိုမြို့သို့ရောက်၍ VinhTrang ဘုရားသို့ လိုက်လံ ပို့ဆောင်ပါမည်။ (အကယ်၍ muslime group ဖြစ်ပါကမိုင်သိုဗလီသို့ လိုက်လံ ပို့ဆောင်ပေးပါမည်။) ထိုမှတစ်ဆင့် မြစ်ကမ်းတစ်လျှောက် ခြေတံရှည်အိမ်များ၊ သစ်သီးစိုက်ခင်းများ၊ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသောရွာလေးများကိုလေ့လာကြည့်ရှုပါမည်။ Tortoise ကျွန်းသို့ သွားရောက် လည်ပတ်ပြီး orchard garden တွင် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် An Khanhသို့ လှေစီး၍ အုန်းပင်များစိုက်ပျိ်ုးထားသောသဘာဝတူးမြောင်းတစ်လျှောက် လည်ပတ်၍ ရာသီပေါ်သီးနှံများနှင့် honeytea သောက်သုံးပြီး တောင်ပိုင်းဗီယက်နမ်တေးဂီတများခံစားရင်း အနားယူအပန်းဖြေနိုင်ပါသည်။ ဟိုချီမင်းသို့ ပြန်၍ခေတ္တအနားယူပြီးနောက် ညစာသုံးဆောင်၍ ဟိုတယ်တွင်တစ်ညတာ ပြန်လည်အိပ်စက် အနားယူပါမည်။

စတုတ္ထရက် (B)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အနားယူပြီးနိုင်ငံတကာလေဆိပ် Tan Son Nhat မှ ရန်ကုန်လေဆိပ်သို့ ပြန်လည် ထွက်ခွာပါမည်။

Welcome to Myanmar

Myanmar, richly endowed by nature, is one of the most exotic countries in the world with a great diversity in landscape and sights of breathtaking beauty. It has a rich cultural heritage and there exist many historical monuments and religious edifices ...
Read More >>

Our Address

No. 146, 3rd Floor, Anawrahta Street, Botahtaung Township, Yangon, Myanmar.
Tel : +95-1-297995
Hotline : +95-9-2005650
Fax : 95-1-294058(IDD)
E-mail : ddy.hlashwe@gmail.com,
               sales@dandaryitravel.com
Website : www.dandaryitravel.com

Facebook Page

Members Of