Yangon – Hanoi City – HalongBay (on Board)

Tour Code
:
DD 007
Destinations
:
Yangon – Hanoi City – HalongBay
Duration
:
၄ရက် ၃ ည ခရီးစဉ်

ပထမရက် (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာပြီးNoiBaiလေဆိပ်တွင်ဧည့်သည်တော်များအား ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆို၍ ညစာစားသုံးပြီးနောက် Hotelတွင် Check-in ဝင်၍ တစ်ည တာ အိပ်စက်အနားယူပါမည်။

ဒုတိယရက် (B/L/D)

နံနက်စာစားသုံးပြီးနောက် အနီရောင်မြစ်ဝကျွန်းပေါ်ဒေသများကို ဖြတ်သန်း၍ စိမ်းစိုသောလယ်ကွင်းများ ကြားအလုပ်လုပ်နေကြသော လယ်သမားများနှင့် ဒေသတွင်းသဘာဝအလှမြင်ကွင်းများကို လေ့လာ ကြည့်ရှုရင်းဓာတ်ပုံများလည်းရိုက်ကူးနိုင်ပါသည်။ဟလောင်းဘေးသို့ ၁၁:၃၀ နာရီအချိန်တွင် ရောက်ရှိပြီး နေ့လည်စာစား၍ ရွှေရောင်ရွက်လှေများဖြင့် ပင်လယ်အော်အလှကို ကြည့်ရှုခံစားရင်း ရေကူးနိုင်သလို သင်္ဘောပေါ်တွင်လဲ နေပူစာလှုံနိုင်ပါသည်။ ထို့နောက်စိတ်ဝင်စားဖွယ် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသော ရွာလေးများရှိဒေသခံများကို သွားရောက်လေ့လာပြီး သင်္ဘောပေါ်တွင် နေဝင်ဆည်းဆာအလှကို ခံစားရင်း ညစာ သုံးဆောင်ပြီးနောက် တစ်ညတာအိပ်စက်အနားယူပါမည်။

တတိယရက် (B/L/D)

နံနက်ခင်းအစမှာတော့ စိတ်ရောကိုယ်ပါလန်းဆန်းအောင် Tai Chi လေ့ကျင့်ခန်းဖြင့်အစပြု၍ သင်္ဘောပေါ် တွင် လက်ဖက်ရည်၊ ကော်ဖီသုံးဆောင်ပြီး ဟာလောင်းဘေး၏ ထင်ရှားသောအထင်ကရနေရာများနှင့် ကျွန်းငယ်နှစ်ထောင်ကျော်ကို သင်္ဘောဖြင့်ရွက်လွှင့်ပြီး ကြည့်ရှုလေ့လာကြပါမည်။ နံနက်၉:၃၀အချိန်တွင် ဘူဖေးနေ့လည်စာသုံးဆောင်ပြီးနောက် မြို့တော်ဟနွိုင်းသို့ ပြန်လည်ထွက်ခွာပါမည်။ ထို့နောက် HoanKiemLake, Ngo Son Temple, TeHucBridge, LyThaimoutment များသို့ လည်ပတ်ပြီး ဗီယက်နမ်နိုင်ငံ၏ နာမည်ကြီးရေပေါ်ရုပ်သေးရုပ်ပွဲကို လည်းပျော်ရွှင်စွာကြည့်ရှုခံစားနိုင်ပါသည်။ HanoiOld Quarter, Nightmarketတို့တွင် လည်ပတ်ဈေးဝယ်၍ local restaurant တွင် ညစာ စားသုံးပြီးနောက် ဟိုတယ်တွင်အိပ်စက် အနားယူနိုင်ပါသည်။

စတုတ္ထရက် (B/L/-)

နံနက်စာစားသုံးပြီးနောက် ဟနွိုင်းရောက်လျှင် မဖြစ်မနေသွားရောက်သင့်သည့် ရှေးဟောင်းသမိုင်းဝင် Ba DinhSquare,Ho Chi Minh’s Mausoleum, One Pillar Pagoda, Tran Quoc Pagodaသို့သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာစားသုံးပြီး အမှတ်တရပစ္စည်းများဝယ်ယူပြီး Hanoiလေဆိပ်သို့ လိုက်လံပို့ ဆောင်ပါမည်။ Hanoi လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ပြန်လည်ပို့ဆောင်ပါမည်။

Welcome to Myanmar

Myanmar, richly endowed by nature, is one of the most exotic countries in the world with a great diversity in landscape and sights of breathtaking beauty. It has a rich cultural heritage and there exist many historical monuments and religious edifices ...
Read More >>

Our Address

No. 146, 3rd Floor, Anawrahta Street, Botahtaung Township, Yangon, Myanmar.
Tel : +95-1-297995
Hotline : +95-9-2005650
Fax : 95-1-294058(IDD)
E-mail : ddy.hlashwe@gmail.com,
               sales@dandaryitravel.com
Website : www.dandaryitravel.com

Facebook Page

Members Of