BODHGAYA TOUR (8D/7N)

Tour Code
:
DD 039
Destinations
:
ရန်ကုန် -ဗုဒ္ဓဂါယာ-ရန်ကုန်
Duration
:
၈ ရက် ၇ ညခရီးစဉ်

ပထမရက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Myanmar Airways International (MAI) (12:30-13:50) လေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာပြီးအိန္ဒိယနိုင်ငံဗုဒ္ဗဂါယာလေဆိပ်သို့ ရောက်သောအခါ Tour Leaderကလာရောက်ကြိုဆိုပြီး Hotel သို့ Check-In ဝင်မည်။ ဗုဒ္ဓဂါယာတွင် လည်ပတ်ကာ ဂေါတမမြတ်စွာ ဘုရားပွင့်တော်မူရာအရပ်ကိုအသိအမှတ်ပြုတည်ထားကိုးကွယ်သောစေတီ၏အနောက်ဘက်တွင်Mahabod hiTemple, ဗုဒ္ဓဘုရား နို့ဆွမ်းဘုဉ်းပေးသောနေရာဟုယုံကြည်ကြသော Sujata ရွာ , ဗုဒ္ဓမြတ်စွာဘုရား နန်းတော်ကို စွန့်ခွာပြီး ၆ နှစ်တိုင်တိုင် တရားကျင့်ကြံအားထုတ်ခဲ့သော Niranjana River မြစ်ကမ်းစပ် , ဉာဏ်တော် ၈ဝ မြင့်သောဗုဒ္ဓဆင်းတုတော် နှင့် အချို့သောဘုန်းကြီးကျောင်းများသို့ သွားရောက်လည်ပတ် ဖူးမျှော်မည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် ညအိပ်ရပ်နားကြပါမည်။

ဒုတိယရက်

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် သန့်ရှင်းမွန်မြတ်သောနေရာဟုအမည်တွင်သော တောင်တန်း များဖြင့်ဝန်းရံထားသောRaigirမြို့နှင့််ကြီးမားသောဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ခုဖြစ်သော Nalanda သို့လည်ပတ်မည်။မတ်စောက်ချွန်ထက်သောတောင်ကုန်းGridhkutta ( Vulture’s Peak ) , ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ World Peace Stupa , Venuvanaram နှင့် သမိုင်းဝင်ထောင်ကြီးဖြစ်သော Bimbisar Prison သ့သို ွားရောက်လေ့လာမည်။ဟိုတယ်တွင် နေ့လယ်စာသုံးဆောင်ပြီးလျှင် Nalanda သို့ သွားရောက်ပြီး ကမ္ဘာ့ရှေးအကျဆုံးနှင့်ယိုယွင်းပျက်စီးနေပြီဖြစ်သော ဗုဒ္ဓဘာသာစာပေများကို သင်ကြား လေ့လာ ရသောတက္ကသိုလ်သို့ လည်ပတ်မည်။ Bodhgayaသ့ ို ပြန်လာပြီးနောက် ညစာ သုံးဆောင်ပြီး ဟိုတယ်တွင်ညအိပ်ရပ်နားကြပါမည်။

တတိယရက်

နံနက်စာသုံးဆောင်ပြီးနောက် Varanasi မြို့သို့ သွားေရာက်ပြီး ဂင်္ဂါမြစ် နှင့်Vanuraမြစ်နှစ်ခု ဆုံပြီး စီးဆင်းနေသော မြစ်ဆုံအနီးတွင် တည်ရှိသော Sarnath မြို့ ၊ ထုထည်ကြီးမားသောDhamekhaစေတီ ၊ သမင် ဥယျာဉ် နှင့် ပြတိုက် (သောကြာနေ့တိုင်းပိတ်သည်) သို့သွားရောက်လည်ပတ်မည်။ ညစာသုံးဆောင် ပြီးနောက် ဟိုတယ်တွင် ညအိပ်ရပ်နားကြပါမည်။

စတုတ္တရက်

နံနက်စောစောလှေစီးပြီးသန့်ရှင်းသောမြစ် (Holy River Ganges) သ့သို ွားရောက် လည်ပတ်ပြီးနောက် ဟိုတယ်သို့ ပြန်လာကာနံနက်စာသုံးဆောင်မည်။Sravasti (293Kms/8Hrs) သို့သွားရောက်လည်ပတ်ပြီး ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် ညအိပ်ရပ်နားကြပါမည်။

ပဉ္စမရက်

နံနက်စာသုံးဆောင်ပြီးနောက် Saheth & Meheth သ့သို ွားရောက်လည်ပတ်မည်။နေ့လယ်စာသုံးဆောင် ပြီးနောက် နီပေါနိုင်ငံရှိLumbini (225Kms / 5 Hrs) သို့ သွားေ၇ာက်လည်ပတ်မည်။ (Double entry visa toIndia& single entry visa to Nepal) ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် ညအိပ်ရပ်နားကြပါမည်။

ဆဌမရက်

နံနက်စာသုံးဆောင်ပြီးနောက်ဂေါတမမြတ်စွာဘုရားပွင့်တော်မူရာသို့သွားရောက်လည်ပတ်ဖူးမျှော်ပြီးနောက် ဟိုတယ်တွင် နေ့လယ်စာသုံးဆောင်မည်။ Kushinagar (160Kms / 4 Hrs) သို့သွားရောက်ပြီး ဘုရားပရိနိဗ္ဗာန်စံသောနေရာတွင် တည်ထားကိုးကွယ်သော Mahaparinirvana Templeနှင့် ဧည့်သည် တော်များ၏စိတ်ဝင်စားမှုခံရသောစေတီ RambharStupa သ့သို ွားရောက်လည်ပတ်မည်။ ညစာကို သုံးဆောင်ပြီးဟိုတယ်တွင် ညအိပ်ရပ်နားကြပါမည်။

သတ္တမရက်

Vaishaliခရိုင်ရှိ (AshokanPillar) မှတ်တိုင် နှင့် အခြားသောစိတ်ဝင်စားစရာနေရာများသို့ သွားရောက် လည်ပတ်မည်။နေ့လယ်စာကိုဒေသခံစားသောက်ဆိုင် (Vaishali) တွင် သုံးဆောင်ပြီး Bodhgaya သို့ ပြန်လည်ခရီးဆက်၍ ညစာကိုသုံးဆောင်ပြီးနောက်ဟိုတယ်၌ညအိပ်ရပ်နားကြပါမည်။

အဌမရက်

နံနက်စာသုံးဆောင်ပြီးနောက် ကိုယ်ပိုင်လွတ်လပ်ချိန်ပေးထား၍ နေ့လယ်စာသုံးဆောင်ပြီးချိန်တွင် GAYA လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Myanmar Airways International (MAI) (15:50- 18:10) လေကြောင်းဖြင့် ပြန်လည်ထွက်ခွာပါမည်။

*ခရီးစဉ်ပြီးဆုံးခြင်း။*
*ဒဏ္ဍာရီခရီးသွားလုပ်ငန်းမှ ဘုရားဖူးခရီးသည်များအားအထူးကျေးဇူးတင်ရှိပါသည်။*
*မှတ်ချက်။ ။ ခရီးစဉ်များအချို့န့ပဲ က်သက်၍ တစ်ဖက်နိုင်ငံ၏ အခြေအနေပေါ်မူတည်၍
ပြောင်းလဲမှုများရှိခဲ့ပါလျှင် ခရီးစဉ်များကိုပြောင်းလဲပြီးပို့ဆောင်ပေးပါမည်။သို့သော် မူလဖော်ပြပါ
ခရီးစဉ်များအတိုင်းကျန်ရှိခြင်းမရှိစေပဲသွားရောက်လည်ပတ်ပေးပါမည်။*

ပါဝင်သောဝန်ဆောင်မှုများ
မြန်မာဘုန်းတော်ကြီးကျောင်းတွင် မနက်စာ ၊ နေ့လယ်စာ ၊ညစာ (for Monastery Only)
Hotel တွင်မနက်စာနှင့် ဒေသခံစားသောက်ဆိုင်တွင် နေ့လည်စာ၊ ညစာ (for Hotel Only)
အသွားအပြန် လေယာဉ်လက်မှတ်
India visa နှင့် Nepal Visa
Aircon Bus ဖြင့်ခရီးစဉ်အတိုင်းဝန်ဆောင်မှုများ
မြန်မာ Tour Leader နှင့် အိန္ဒိယ Tour Leader ၊ Helper
ဝင်ကြေးများ ( မြန်မာ passport ကိုင်ဆောင်သူများအတွက်သာ )
Airport တွင် လာရောက်ကြို / ပို့ဆောင်မှု ၊ လှေစီးခ ၊ အစိုးရအခွန်များ
ကုမ္ပဏီမှ ပေးမည့် လက်ဆောင်ပစ္စည်းများ
အကောက်အခွန်များ ( ဈေးနှုန်းအတက်ရှိလျှင် ဧည့်သည်တော်ကပေးဆောင်ရမည်)
မပါဝင်သောဝန်ဆောင်မှုများ
ကိုယ်ပိုင်ဗီဒီယို၊ဓာတ်ပုံရိုက်ကူးမှုအတွက်အခွန်ခများ
ခရီးစဉ်အတွင်းမဖော်ပြထားသောဝန်ဆောင်မှုများ နှင့် ကိုယ်ပိုင်ကုန်ကျစရိတ်
10 သိန်းခွဲ ကျပ် (ဘုန်းတော်ကြီးကျောင်းတည်း)
785 USD (ဟိုတယ်တည်း)
၁၀ ဦးစာရင်းပေးလျှင်တစ်ဦးအခမဲ့ပေးပါသည်။
၅ ဦးစာရင်းပေးလျှင် တစ်ဦး ၁ သိန်းလျော့ပေးပါမည်။
(ခံစားခွင့်ကာလ Dec 15 – 31 Jan 2020)

Welcome to Myanmar

Myanmar, richly endowed by nature, is one of the most exotic countries in the world with a great diversity in landscape and sights of breathtaking beauty. It has a rich cultural heritage and there exist many historical monuments and religious edifices ...
Read More >>

Our Address

No. 146, 3rd Floor, Anawrahta Street, Botahtaung Township, Yangon, Myanmar.
Tel : +95-1-297995
Hotline : +95-9-2005650
Fax : 95-1-294058(IDD)
E-mail : ddy.hlashwe@gmail.com,
               sales@dandaryitravel.com
Website : www.dandaryitravel.com

Facebook Page

Members Of